ဆီးရီးယား တိုက်ပွဲ ပြင်းထန်

Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သူပုန် တပ်ဖွဲ့ တပ်သား

ဆီးရီးယား အစိုးရတပ်တွေဟာ ဟုမ်းစ်မြို့က ဘာဘာအမာ ရပ်ကွက်ကို အပြင်းအထန် ဗုံးကြဲပြီး ချီတက် နေတယ်လို့ သတင်းရရှိ ပါတယ်။

နာရီပိုင်း အတွင်း အတိုက်အခံ တပ်သားတွေကို ချေမှုန်း ပစ်နိုင်မယ်လို့ အစိုးရ အရာရှိ တွေက ဆိုပါတယ်။

အတိုက်အခံ တွေကတော့ ဆီးရီးယား လွတ်မြောက်ရေး တပ်သားတွေက အစိုးရ ထိုးစစ်ကို တွန်းလှန် နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ဟုမ်းစ် မြို့ ဒေသခံ တွေက ကယ်ဆယ်ရေး အင်တာနက် စာမျက်နှာ တွေကို အကြိမ်ကြိမ် ဆက်သွယ်ပြီး အကူအညီပေးဖို့ တောင်းခံနေကြပါတယ်။

ကုလ သမဂ္ဂ လူမှု ကူညီရေး အကြီးအကဲ ဗယ်လာရီ အေမို့စ်ကို ပြည်ဝင်ခွင့် ပေးဖို့ ငြင်းပယ် လိုက်ပြီးနောက် ဆီးရီးယား တပ်တွေ ထိုးစစ် ဆင်လာတာ ဖြစ်ပါတယ်။