အီရန်မှာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ

  • 2 မတ် 2012

အီရန်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပနေရာ မဲဆန္ဒရှင်တွေ မဲပေးနေ ကြပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘာသာရေး ခေါင်းဆောင်ကြီး ကိုယ်တိုင် ပါလီမန် ရွေးကောက်ပွဲမှာ မဲလာပေးပါတယ်

ပြီးခဲတဲ့ ၃ နှစ်က သမ္မတ အာမတ် ဒင်နဂျတ် အနိုင်ရရှိသွားတဲ့ အငြင်းပွားဖွယ် သမ္မတ ရွေးကောက်ပွဲ နောက်ပိုင်း အခု ပါလီမန် ရွေးကောက်ပွဲဟာ ပထမဦးဆုံး ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲမှာ ဘာသာရေးခေါင်းဆောင် အာယာတိုလာ အာလီ ခါမီနီနဲ့ နီးစပ်သူ အုပ်စုနဲ့ သမ္မတ အာမတ် ဒင်နဂျတ်ကို ထောက်ခံသူတွေ အကြား အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပြိင်ဖက် နှစ်ဘက်စလုံးဟာ သဘောထား တင်းမာသူ အုပ်စု တွေ ဖြစ်ကြပါတယ်။ အတိုက် အခံတွေကတော့ ဒီရွေကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။

အကြောင်းကတော့ သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို နေအိမ် အကျယ်ချုပ် ထားတာမျိုး ဒါမှမဟုတ် ဒီရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုတဲ့ အတွက် ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ပြည်သူများ အနေနဲ့ မဲပေးကြဖို့ကို တိုက်တွန်းထားပါတယ်။