ကယ်ဆယ်ရေး ယာဉ်တန်း ဟုမ်းစ်မြို့ကိုရောက်

  • 2 မတ် 2012
ဟုမ်းစ်မြို့ရောက် ကြက်ခြေနီအဖွဲ့ဝင်များ
Image caption ဟုမ်းစ်မြို့ရောက် ကြက်ခြေနီအဖွဲ့ဝင်များ

အစားအသောက် တွေ ဆေးဝါး နဲ့ ခြုံစောင် တွေ တင်ဆောင်ထားတဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ အိုင်စီအာစီ လော်ရီကားကြီး ၇စီး ရောက်လာတာ ဖြစ်ပါတယ်။ ဒီ အကူအညီ ပေးရေး အဖွဲ့ ကို ဒေသခံ ကြက်ခြေနီ အဖွဲ့ ဖြစ်တဲ့ လခြမ်းနီ အဖွဲ့ ကလည်း အရေးပေါ် လူနာတင်ကား ကား တွေ အတူ လိုက်ပါလာခဲ့ပါတယ်။

သူတို့ ဟာ ဘာဘာ အမာ အရပ် ကို သွားတဲ့ လမ်း ပေါ် မှာ ခရီးဆက်နေပါတယ်။ အရင် က ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ အခြေစိုက်ခဲ့ပြီး ပြီးခဲ့တဲ့ တလ လောက် ဒီ အရပ် ဟာ အစိုးရ ဘက်က အမြှောက်တွေ တင့်ကား တွေ က နေ အမြောက်ဗုံး တွေနဲ့ တရစပ် ပစ်ခတ် တာ ကို ခံ ခဲ့ရပါတယ်။

ဒေသခံပြည်သူ တွေအကြား အစာ ရေ ပြတ်တောက် ကုန် တာ ဒဏ်ရာရ လူနာတွေ ကျန်းမာရေး စောင့် ရှောက်မှု ကင်းမဲ့ တဲ့ အခြေအနေ ကို ကြုံခဲ့ ကြ ရပါတယ်။

ဒါ့အပြင် အစိုးရ ဆန့်ကျင် ရေး တပ်တွေ ဒီ အရပ် က ဆုတ်ခွာ ရ တဲ့နောက် မှာ တော့ အစိုးရ စစ်တပ်တွေ ဝင်လာပြီး အကျဉ်းရုံး စီရင် သေဒဏ် ပေး နေတဲ့ ဆိုတဲ့ အစီရင်ခံစာ ကို ကုလသမဂ္ဂ က ရ ခဲ့ ပါတယ်။

ဒိလို အခြေအနေ တွေမှာ ဒေသခံ တွေ ကလည်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ တွေ ကို သူတို့ ဆီ ကို အမြန်ရောက် စေချင် နေတာပါ။

ဆီးရီးယား အစိုးရ ရဲ့ ခွင့်ပြုချက်ကို ရယူ ခဲ့ရပြီး အခု အကူအညီ ပေး ရေး အတွက် လာနေကြတဲ့ ကယ်ဆယ်ရေး လုပ်သား တွေ အနေ နဲ့ လည်း ဘာဘာ အမာ အရပ် ကို ရောက် ရင် ကယ်ဆယ်ရေး နဲ့ ပတ်သက်ပြီး ကြီးမား တဲ့ စိမ်ခေါ်မှု တွေ နဲ့ ရင်ဆိုင် ကြရမယ် ဆိုတာ ကို ကြိုတွေးထား ကြတယ် လို့ သိရပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ အနေနဲ့ ဦးစားပေး လုပ်ရမယ့် အလုပ် က တော့ အပြင်းအထန် ဒဏ်ရာ ရနေသူတွေ အသည်းအသန် ကျန်းမာရေး ဆိုးရွားနေ သူ တွေ ကို ရှာဖွေ ပြီး ဆေးရုံတွေ ဆီ ရောက်အောင် ပို့ဆောင် ရမယ့် အလုပ်ပါ ဖြစ်တယ်။