ကေအန်ပီပီ နဲ့ အစိုးရ ဆွေးနွေးရန်ရှိ

  • 3 မတ် 2012
KNPP
Image caption ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ အလံ

အစိုးရရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နဲ့ ဆွေးနွေးဖို့ အတွက် ကရင်နီတိုးတက်ရေး ပါတီက မတ်လပထမ အပတ် မှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ ကရင်နီ တိုးတက် ပါတီရဲ့ အတွင်း ရေးမှူး (၁) ဖြစ်သူ ခူဦးရယ်က ပြောပါတယ်။

အခုတွေ့ဆုံပွဲဟာ အပစ်အခတ်ရပ်စဲဖို့အတွက် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ကယား ပြည်နယ် လွိုင်ကော်မြို့မှာ ဒီမတ်လ (၇)ရက် နေ့လောက်မှာ တွေ့ဆုံဖို့ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲဖို့ သာ ဖြစ်တဲ့အတွက် တကယ်လို့ ကရင်နီဖက် က တင်ပြ သလို အစိုးရဖက်က လက်ခံမယ်ဆိုရင် တော့ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးဖွယ် ရှိတယ်လို့ အဖွဲ့ ခေါင်းဖြစ်သူ ခူဦးရယ်ပြောပါတယ်။

ကရင်နီ တိုးတက်ရေး ပါတီဟာ အစိုးရ အဖွဲ့နဲ့ နှစ်ကြိမ်တိုင် ဆွေးနွေး ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့သည့်၂၀၁၁ ခုနှစ် နို ၀င်ဘာလတွင် ထိုင်းနိုင်ငံ မဲဟောင်စွန်မှာ တကြိမ်နဲ့ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ လဆန်းပိုင်း တကြိမ် ဆွေးနွေး ခဲ့ဘူး ပါတယ်။