ဆီးရီးယားမှာ ဆွေးနွေးကြဖို့ တရုတ်တိုက်တွန်း

  • 4 မတ် 2012
baba ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များ

တရုတ်နိုင်ငံက ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ ၂ ဘက်စလုံး တိုက်ခိုက် နေကြတာကို ရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ အတွက် တိုက်တွန်း လိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ကြေငြာချက်ထဲမှာ သမ္မတဘာရှာအဲလ် အာဆတ်ဒ် ရဲ့အစိုးရနဲ့ သူပုန် တွေ ကို ကုလသမဂ္ဂ နဲ့ အာရပ် အဖွဲ့ချုပ် တို့က အသစ်ခန့်အပ်ထားတဲ့သံတမန် ကိုဖီအာနန်ရဲ့ ကြိုတင်စေ့စပ်ပေးထားတဲ့အချက်တွေ မပါတဲ့ဆွေးနွေးမှု တခု ကို စတင်ကြဖို့ အတွက် တိုက်တွန်း ထားပါတယ်။

ပြီးတော့ ကုလသမဂ္ဂ က အဲဒီမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးစီးဆောက်ရွက်ပေး နေတာကို တရုတ်က ထောက်ခံ ကြောင်းလဲ ဖော်ပြထား ပါတယ်။

အရင်ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆီးရီးယား မှာ တိုက်ခိုက်မှု တွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ တာတွေကို တရုတ်နဲ့ ရုရှားတို့က ၂ ကြိမ်တိုင်တိုင် ဗီတို သုံးပြီး ပယ်ချခဲ့ ဖူးပါတယ်။