ဟွမ်းစ် မြို့ထဲကို ကြက်ခြေနီ ဝင်လို့မရသေး

  • 4 မတ် 2012
syria_redcross
Image caption ဆီးရီးယား က လခြမ်းနီနဲ့ ကြက်ခြေနီ အဖွဲ့ဝင်များ

ဆီးရီးယား နိုင်ငံက ဟွမ်းစ် မြို့မှာ ရှိတဲ့ အခက်အခဲ တွေနဲ့ ကြုံနေ ရတဲ့ ဘာဘာ အမာ ဒေသ ထဲကို ကြက်ခြေနီ အဖွဲ့က ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ဖို့ ကြိုးစား နေရာ ဒုတိယ နေ့မှာလဲ မအောင်မြင် ခဲ့ဘူး လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့က အဲဒီ အရပ် ကနေ သူပုန်တွေ ဆုတ်ခွာ သွားခဲ့အပြီးမှာဆီးရီးယား စစ်တပ်က သိမ်းပိုက် ထားပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို အဲဒီ အရပ်ထဲမှာ မပေါက်ကွဲ သေးတဲ့ ပစ္စည်းတွေနဲ့ ထောင်ခြောက်တွေ ရှိနေတဲ့ အတွက်ကြောင့် အန္တရာယ်များလို့ပေးမဝင် သေးဘူး လို့ ဆိုပါတယ်။

ကြက်ခြေနီ အဖွဲ့က တာဝန် ရှိသူတွေကတော့ တနင်္ဂနွေ နေ့မှာ လဲ ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်သွား ကြမယ်လို့ ပြောပါတယ်။

ဆီးရီးယား ရုပ်မြင်သံကြား မှာတော့ ဒီ ဘာဘာအမာ အရပ် နဲ့ ပတ်သက်လို့ အပျက်အဆီး တွေကို ပြသသွားပြီး ပြည်ပအားကိုး တဲ့ အကြမ်းဖက် အဖွဲ့တွေကြောင့် ဖြစ်ရတာ ဆိုပြီး အပြစ်ဆိုထားပါတယ်။

တခါ အစိုးရ ဆန့်ကျင်သူတွေ ဘက်ကလဲ အစိုးရတပ်တွေက ခြေမှုန်း သုတ်သင် တာတွေ ရှိကြောင်း ပြောနေကြ ပေမယ့် ဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ တော့ အတည်ပြု လို့ တော့ မရပါဘူး။