ဟုမ်းစ်မြို့ရောက် ကြက်ခြေနီအဖွဲ့ မကူညီနိုင်သေး

  • 3 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ICRC အတွက် အန္တရာယ်ရှိတယ်လို့ ဆီးရီးယား အာဏာပိုင်တွေက ပြောကြား

ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့ကို ရောက်ရှိနေ တဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ကူညီ ကယ်ဆယ်ရေး ယာဉ်တန်း ဟာ အန္တရာယ်ရှိ နေသေးတဲ့ အတွက် ကူညီရေး ပစ္စည်းတွေကို ဖြန်ဝေခွင့် မရသေးဘူးလို့ ICRC က ပြောပါတယ်။

မိုင်းတွေနဲ့ ထောင်ချောက်တွေရဲ့ အန္တရာယ် ရှိနေတယ်လို့ ဆီးရီးယား အာဏာပိုင် တွေက ပြောကြောင်း ICRC က ပြောပါတယ်။

မနေ့ကလည်း အကူအညီမပေးနိုင်ဘဲ ပြန်လှည့်ခဲ့ရပြီးနောက် စနေနေ့မှာတော့ ဟုမ်းမြို့ထဲကို အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အဆောက်အဦးအများအပြား ပျက်ဆီးနေတဲ့ ဟုမ်းစ်မြို့က လမ်းမတွေပေါ်မှာ လူသူကင်းမဲ့ နေတာကို ဆီးရီးယား နိုင်ငံ ပိုင်ရုပ်မြင်သံကြား ကနေ ရှားရှားပါးပါး ပြသ သွားပါတယ်။

ဘာဘာအာမာရပ်ကွက်ကနေ အစောပိုင်းက ခိုးထွက်လာနိုင်ခဲ့တဲ့ ဗြိတိသျှ ဓာတ်ပုံဆရာ Paul Conroy က ဘီဘီစီကို ပြောရာမှာ အဲဒီ ဘာဘာအာမာ ရပ်ကွက်မှာ အရပ်သားတွေအပေါ် စနစ်တကျ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဟာ ဘာဘာအာမာ ရပ်ကွက်က လူတွေကို အဲဒီကနေ ဖယ်ရှား လိုတဲ့ ရည်ရွယ်ချက်နဲ့ အမြောက်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့လည်း မစ္စတာ Conroy က ပြောပါတယ်။

မစ္စတာ Conroy ဟာ ရော့ကက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါ တယ်။ အဲဒီ တိုက်ခိုက်မှုမှာ အနောက်နိုင်ငံတွေက သတင်းထောက် ၂ ဦး သေဆုံးသွားခဲ့ ပါတယ်။