ဆီးရီးယားကို ကုလ ဝေဖန်

  • 3 မတ် 2012
ဓာတ်ပုံ မူပိုင် BBC Pashto
Image caption ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ဘန်ကီမွန်း

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူး ဘန်ကီမွန်းက ဆီးရီးယား အာဏာ ပိုင် တွေဟာ နေရာ အနှံ အပြား မှာ နိုင်ငံသား တွေအပေါ် ရာဇဝတ်မှု ကျူးလွန် နေတယ် ဆိုတာ ထင်ရှား တယ်လို့ ပြောဆို လိုက်ပါ တယ်။

အခြေအနေ အတော်ကို ဆိုးရွားနေတဲ့ ဘာဘာ အာမာ ရပ်ကွက်ထဲကို အကူအညီ ပေးမယ့် နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့တွေကို ဝင်ရောက်ခွင့် ငြင်းဆို ခဲ့ပြီး နောက်ပိုင်း ဆီးရီးယား တပ်တွေရဲ့ ပရမ်းပတာ သတ်ဖြတ်မှုတွေ၊ လူတွေကို ထောင်ချ ညှင်းပန်း နိပ်စက်မှု တွေအတွက် စိုးရိမ် ပူပန် တယ်လို့ ဘန်ကီမွန်းက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရဟာ သူတို့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ သက်သေ အထောက်အထား တွေကို အစ ဖျောက်ချင်လို့ အခုလို ကြက်ခြေနီ အဖွဲ့တွေ ဝင်လာမယ့် အရေးကို နှောင့်နှေး အောင် လုပ်နေတာဖြစ်တယ်လို့ ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူတွေ စွပ်စွဲ ပြောဆို လိုက်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မိမိတို့လုပ်ဆောင် ရမယ့် တာဝန်တွေကို ပျက်ကွက်ပြီး ဘာမှ မလုပ်တာဟာ ဆီးရီးယား အစိုးရကို အားပေးသလို ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။