အမေရိကန် မှာ မုန်တိုင်းပြင်းထန်

  • 3 မတ် 2012
ဓာတ်ပုံ မူပိုင် video
Image caption အမေရိကန်ဟာ လေဆင်နှာမောင်း နဲ့ မုန်တိုင်းဒဏ်ကို ဒီနှစ် အတွင်းမှာ အတော်ခံရပါတယ်။

အမေရိကန် နိုင်ငံ တောင်ဖက် အလယ်ပိုင်း ဒေသကို လေဆင်နှာမောင်းနဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေ့ ဝင်ရောက် တိုက်ခတ် ခဲ့ပါ တယ်။

ကင်တာကီ (Kentucky) နဲ့ အင်ဒရီယားနား (Indiana) ပြည်နယ် တွေကို လေပြင်းတွေ ဝင်ရောက် တိုက်ခတ် ခဲ့ သလို မိုးသီး မုန်တိုင်း တွေပါ ကျခဲ့ တယ်လို့ အမေရိကန် ပြည်တွင်း မိုးလေဝသ ဌာနက ထုတ်ပြန် ကြေငြာ ခဲ့ ပါတယ်။

ဒီ မုန်တိုင်း ဒဏ်ကြောင့် လူ ၃ ဦးသေဆုံးခဲ့ပြီး လူ လေး ငါးဆယ် လောက် ဒဏ်ရာ ရခဲ့ ပါတယ်။

အင်ဒရီယားနား (Indiana) ပြည်နယ်ထဲ က မြို့ငယ် တခု ဖြစ်တဲ့ မေရီစဗေးလ် (Marysville) မြို့ဆိုရင် အစအန ပါပေျာက် သွားတယ်လို့ သိရပါတယ်။

ဒီနေ့ အစောပိုင်း ကလည်း တန်နစီ (Tennessee) နဲ့ အလီဘားမား (Alabama) ပြည်နယ်တွေ ကို လေဆင် နှာမောင်း ဝင်ရောက်ခဲ့ ပါတယ်။