ကွန်ဂိုမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

  • 4 မတ် 2012
congo_fire ဓာတ်ပုံ မူပိုင် bbc
Image caption ကွန်ဂိုက ပေါက်ကွဲမှု မြင်ကွင်း

ကွန်ဂိုသမ္မတ နိုင်ငံက လက်နက်တိုက် တခုမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ကြီးတွေ ဆက်တိုက် ဖြစ်ခဲ့ တာကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံး သွားခဲ့ ရပါတယ်။

မြို့တော် ဘရာဇာဗီးလ် မှာ ရှိတဲ့ ဒီ ပေါက်ကွဲမှု ကြီးတွေ ဖြစ်ခဲ့တဲ့ နေရာဟာ စစ်တလင်း လို ဖြစ်သွား ခဲ့တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

လူနေအိမ်ခြေ တွေလဲ ပြားပြားဝပ်သွား ခဲ့ပြီး ဘုရားကျောင်း လာသူတွေ နဲ့ ပြည့်နေတဲ့ ဘုရားကျောင်း တခုလဲ ပြိုကျခဲ့ ရပါတယ်။မြို့နေလူ ထောင်ပေါင်း များစွာ ဟာလဲ မြို့ရဲ့ အရှေ့ဘက်ခြမ်း ကနေ ထွက်ပြေး သွားခဲ့ ကြပြီ ဖြစ်ပါတယ်။

အစိုးရ ဝန်ကြီး တွေကတော့ ဒီပေါက်ကွဲ မှုကြီးတွေဟာ လက်နက်တိုက်မှာ မီးလောင်ရာက စခဲ့တာ ဖြစ်ပြီး စစ်တပ်က ပုန်ကန်တာလဲ မဟုတ်သလို အာဏာသိမ်း ဖို့ ကြိုးစားတာလဲ မဟုတ်ဘူးလို့ ပြောပါတယ်။

ပြင်သစ် နိုင်ငံကတော့ ဒဏ်ရာရသူ ရာပေါင်းများစွာကို ကုသ ပေးနိုင်ဖို့ အတွက် အရေးပေါ် ဆေးဝါး အကူအညီ တွေ ပို့ပေး နေပြီဖြစ်ပါတယ်။