အီရန် နျူမတတ်ဖို့ အမေရိကန် အင်အားသုံးနိုင်

  • 4 မတ် 2012
obama ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမား က အီရန်နိုင်ငံနျူကလီးယားလက်နက်တွေ မပိုင်ဆိုင်ရေး အတွက် တားဆီးဖို့ဆိုရင် အမေရိကန်က အင်အားသုံးဖို့ကို တွေဝေ နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့် သံတမန်ရေး နည်းလမ်းကတော့ ပိုပြီး လိုလားတဲ့ နည်းလမ်း ဖြစ်တယ်လို့လဲ ပြောကြား သွားပါတယ်။

အစ္စရေးလိုလားပြီး ဩဇာတိက္ကမ ရှိတဲ့ အဖွဲ့ဖြစ်တဲ့ အမေရိကန် အစ္စရေး လူမှုရေးရာ ကော်မတီမှာ အခုလို မိန့်ခွန်း ပြောကြား သွားခဲ့တာ ဖြစ်ပြီး တဟီရန်နဲ့ မပြေမလည် ဖြစ်နေတာနဲ့ပတ်သက်လို့ စစ်နဲ့ ပတ်သက်တဲ့စကားတွေသိပ်ပြီးများလာနေတဲ့အပေါ် မှာလဲသတိပေး သွားခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စရေး အနေနဲ့လည်း မိမိရဲ့ လုံခြုံရေး နဲ့ ပတ်သက်လာရင် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် အမြဲတမ်း ရှိနေရမယ်လို့ လဲ ဆိုပါတယ်။ အခုလို ပြောကြား လိုက်တာ တွေကို တနင်္လာနေ့ မှာ ဝါရှင်တန်မြို့တော် မှာ မစ္စတာ အိုဘားမား နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန်ယာဟုက ကြိုဆိုလိုက်ပါတယ်။

အဲဒီက သတင်းထောက် တွေကတော့ အစ္စရေးက အီရန်ကို တဦးထဲသွားပြီး တိုက်ခိုက်မှုတွေ လုပ်မှာကို အမေရိကန်က စိုးရိမ်နေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။