ရုရှား ရွေးကောက်ပွဲ ပူတင် အနိုင်ရဖို့များ

  • 4 မတ် 2012
russia ဓာတ်ပုံ မူပိုင်
Image caption ရုရှား ရွေးကောက်ပွဲ မြင်ကွင်း တခု

ရုရှား နိုင်ငံမှာတော့ တနင်္ဂနွေ နေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ တွေ အပြီးမှာဝန်ကြီးချုပ်ဗလာဒီမီယာပူတင် ဟာ တိုင်းပြည်ရဲ့ သမ္မတသစ် ဖြစ်လာဖို့ များနေ ပါတယ်။

မစ္စတာ ပူတင်က ကရင်မလင် နန်းတော်ရဲ့ အပြင်ဘက်မှာရှိနေကြတဲ့ထောင်ပေါင်းများစွာ ရှိတဲ့ သူ့ကို ထောက်ခံသူ တွေကို သူတို့အနိုင်ရ မယ်လို့ ပြောထားခဲ့သလို နိုင်ခဲ့ပြီ ဖြစ်ကြောင်းကို စိတ်လှုပ်ရှားစွာ ပြောကြားခဲ့ ပါတယ်။

လတ်တလော ရရှိထားတဲ့ ရလဒ် တွေမှာတော့ မစ္စတာ ပူတင်ရဲ့ မဲရာခိုင်နှုန်းက ၆၀ အထက်မှာ ရှိနိုင်တယ်လို့ ပြနေပါတယ်။ အခုထက်ထိ လဲ မဲတွေကို ရေတွက် နေကြဆဲ ဖြစ်ပါတယ်။

မစ္စတာ ပူတင်ရဲ့ မဲဆွယ်ရေး အကြီးအကဲ က ဒီရွေးကောက်ပွဲ ဟာအသန့်ရှင်းဆုံး ဖြစ်တယ် လို့ ဆိုနေပေမယ့် အတိုက်အခံ တွေဘက်ကတော့ အစိုးရဟာ မဲ အကြီးအကျယ် လိမ်ခဲ့တယ် လို့စွပ်စွဲ နေပါတယ်။ မစ္စတာ ပူတင်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ကွန်မြူနစ် ပါတီက ဂျဲန်နဒီ ဇူဂါနော့ဗ် ကတော့ အစိုးရဟာ သမ္မတလောင်း တဦးထဲ အတွက်ကို ပဲ အလုပ်လုပ် ပေးတဲ့ ပျက်စီးနေတဲ့ စက်ယန္တရား ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။