စတားဝါးစ် ရုပ်ရှင်ဒီဇိုင်း ပညာရှင် ကွယ်လွန်

  • 4 မတ် 2012
starwars
Image caption စတားဝါးစ် ရုပ်ရှင်ထဲက အာတူး ဒီတူး စက်ရုပ်ပု ကလေး

စတားဝါးစ် ရုပ်ရှင် တွေထဲက နာမည်ကြီး ဇာတ်ကောင် တွေဖြစ်ကြတဲ့ Darth Vader ( ဒါ့သ်ဗေဒါ )နဲ့ R2- D2 (အာတူး ဒီတူး) စက်ရုပ် တွေကို ဖန်တီးခဲ့တဲ့ ရုပ်ရှင် ဒီဇိုင်း ပညာရှင် ကြီး ရာ့လ်ဖ် မက်ကွာရီ ဟာ အသက် ၈၂ နှစ် အရွယ်မှာပဲ ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ၁၉၇၀ ပြည့်နှစ် တွေအတွင်းက မူရင်း စတားဝါးစ် ရုပ်ရှင် တွေကို အမေရိကန် ရုပ်ရှင် ဒါရိုက်တာ ဂျော့ချ် လူးကပ်စ် နဲ့ အတူ ပူးပေါင်း ဆောင်ရွက် ပြီး ဖန်တီး ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

တခါ သူဟာ တခြား ဒါရိုက်တာ တဦးဖြစ်တဲ့ စတီဗင် စပီးလ်ဘာ့ဂ် ET ရုပ်ရှင်နဲ့ Close Encounters of the Third Kind ရုပ်ရှင်တွေ ရိုက်ကူးရာမှာ လဲ လုပ်ကိုင် ပေးခဲ့ ပါတယ်။

၁၉၈၅ ခုနှစ်ကတော့ မစ္စတာ ရာ့လ်ဖ် မက်ကွာရီ ဟာ သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင် ဖြစ်တဲ့ Cocoon ရုပ်ရှင် နဲ့ အမြင်အာရုံ ကိုလည့်စားတဲ့ ရိုက်ချက် တွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင် ထူးချွန်ဆုကို ရရှိခဲ့ ပါတယ်။