အီရန် အရေး အမေရိကန် အစ္စရေး ဆွေးနွေး

  • 6 မတ် 2012
obama ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန် အရေး ၂ နိုင်ငံ အမြင်မတူ

အမေရိကန် သမ္မတ အိုဘားမားနဲ့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုတို့ အီရန် အရေး နဲ့ ပတ်သက်ပြီး အိမ်ဖြူတော် မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

အမေရိကန် နဲ့ အစ္စရေးက အီရန်ကို အဏုမြူ လက်နက် ထုတ်ဖို့ ကြိုးစား နေတယ်လို့ စွပ်စွဲကြ ပါတယ်။

ဒါပေမယ့်လည်း ဘယ်လို တုံ့ပြန် ဆောင်ရွက် ရမယ်နဲ့ ပတ်သက်လို့ မဟာမိတ် ၂ နှစ်နိုင်ငံ အငြင်းပွား နေကြဆဲ ဖြစ်ပါတယ်။

အစ္စရေးက အချိန် နှောင်းနေပြီမို့ အီရန် အဏုမြူ ဌာနတွေ အတွက် စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ သင့်ပြီလို့ ဆိုပါတယ်။

မစ္စတာ အိုဘားမားက စီးပွားရေး ပိတ်ဆို့မှု အသစ် ချမှတ်တာနဲ့ သံတမန်နည်း အရ ပူးပေါင်း ဖြေရှင်းဖို့ အချိန် ပေးသင့်တယ်လို့ သတိပေး ဆန့်ကျင်ခဲ့ပါတယ်။