ဆီးရီးယားကို တိုက်ဖို့ မက်ကိန်းဆို

  • 6 မတ် 2012
McCain ဓာတ်ပုံ မူပိုင် reuter
Image caption လူစည်ရာ မြို့ကြီးတွေကို ကယ်ဆယ် စောင့်ရှောက်ဖို့ပြော

အမေရိကန် အထက် လွှတ်တော် အမတ် ဂျွန်မက်ကိန်းက အမေရိကန် ဦးဆောင်ပြီး ဆီးရီးယား တပ်တွေကို လေကြောင်း စစ်ဆင် ဖို့ နှိုးဆော် နေပါတယ်။

အဓိက လူနေရာ မြို့ကြီးတွေကို ကယ်ဆယ် စောင့်ရှောက်ဖို့၊ အထူးသဖြင့် အတိုက်အခံတွေ နိုင်ငံရေး စစ်ရေး လှုပ်ရှား နိုင်တဲ့ ဆီးရီးယား မြောက်ပိုင်းမှာ ဘေးကင်းတဲ့ ခိုလှုံရာ ဌာနတွေ ဖန်တီး ပေးဖို့ နိုင်ငံတကာက ကြိုးပမ်းတဲ့ အနေနဲ့ လေကြောင်းက အရေးယူ ဆောင်ရွက် သင့်တယ်လို့ ဝါရှင်တန် မြို့တော် အထက် လွှတ်တော်မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

၂ဝဝ၈ သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားကို ရှုံးခဲ့တဲ့ ဂျွန်မက်ကိန်းက အထက် လွှတ်တော် တပ်ရေးရာ ကော်မတီကို ဦးဆောင်နေတဲ့ ရီပတ်ဘလစ်ကန် ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။