ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးနေပြီ

  • 7 မတ် 2012
super tuesday ဓာတ်ပုံ မူပိုင် Getty Images
Image caption အိုဟိုင်းယိုး မှာ မဲပေးနေသူများ

နိုဝင်ဘာလ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ လက်ရှိ သမ္မတ အိုဘားမားကို ယှဉ်ပြိုင်ဖို့ အတွက် ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ရွေးပွဲ ကို အကြီးအကျယ် ယှဉ်ပြိုင် နေကြပြီ ဖြစ်ပါတယ်။

ပြည်နယ် ဆယ်ခုမှာ နောက်ဆုံး ဆန်ကာတင် ကျန်တဲ့ ပြိုင်ဘက် ၄ ယောက်ထဲက ရွေးချယ် နေကြတာပါ။ ဆူပါ ကျူးစ်ဒေး တကယ့် အင်္ဂါနေ့ကြီး လို့ ဒီနေ့ကို ရည်ညွှန်း ပြောဆို ကြပါတယ်။

ဒီ ဆယ် ပြည်နယ် ကနေ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဦးရေ စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံ နီးပါး ကို ရွေးချယ် ကြမှာပါ။

အခရာ ကျတဲ့ အိုဟိုင်းယိုး ပြည်နယ်မှာတော့ ရှေ့ဆုံးက ပြေးနေတဲ့ မစ်ရွန်နီနဲ့ နောက်က ကပ် လိုက်နေတဲ့ ရစ် ဆန်တိုရမ် တို့ကြားမှာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြ တာပါ ။

အိုဟိုင်းယိုး ပြည်နယ်မှာ မနိုင်ပဲ သမ္မတ ဖြစ်လာတဲ့သူ ရီပတ်ဘလစ်ကန် ပါတီ သမိုင်းမှာ မရှိသေးပါဘူး။