နိုင်ငံစုံက ဘီလျံချီ လိမ်တဲ့ အမေရိကန်ဘဏ်

  • 7 မတ် 2012
stanford
Image caption နိုင်ငံ တရာကျော်က ရင်းနှီး မြှုပ်နှံသူ ၃ သောင်းကျော် ဆီက လိမ်

နာမည်ပျက် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းရှင် အယ်လန် စတန်းဖို့ဒ်ဟာ ရင်းနှီး မြှုပ်နှံသူ တွေ ထံက ဒေါ်လာ ၇ ဘီလျံ လိမ်လည် ခဲ့ကြောင်း တွေ့ရှိရတယ်လို့ အမေရိကန် တရားရုံး တရုံးက ဆုံးဖြတ် ခဲ့ပါတယ်။

မစ္စတာ စတန်းဖို့ဒ်ကို စွဲချက် ၁၃ ခု ၁၄ ခု လောက်နဲ့ စွဲဆို ထားတာ ဖြစ်ပါတယ်။

ကာရစ်ဘီယန်ပင်လယ်ထဲက အန်တီဂွာ ကျွန်းစုမှာ ဖွင့်တဲ့ သူ့ဘဏ်ကနေ နိုင်ငံ တရာကျော်က ရင်းနှီး မြှုပ်နှံ သူ ၃ သောင်း ကျော်ဆီ ကနေ လိမ်ညာ ရယူခဲ့တာပါ။

မစ္စတာ စတန်းဖို့ဒ်ဟာ ဒီငွေတွေနဲ့ အိမ်တွေ အပျော်စီး ရွက်လှေတွေ ဝယ်ယူ သုံးစွဲတာ၊ ခရစ်ကက် ကစားပွဲတွေ အကုန်အကျခံ ကျင်းပ ပေးတာ စတဲ့ အပျော်အပါး တွေအတွက် သုံး ပစ်ခဲ့တယ်လို့ အစိုးရ ရှေ့နေ တွေက စွပ်စွဲပါတယ်။