အာဖဂန်မှာ ဗြိတိန် စစ်သားတွေ သေဆုံး

  • 7 မတ် 2012
british soldier ဓာတ်ပုံ မူပိုင် PA
Image caption အာဖဂန် မှာ ကျဆုံးသွားတဲ့ ဗြိတိန် စစ်သား တွေ အတွက် လွမ်းသူ့ ပန်းစည်း ပေးနေကြပုံ

အာဖဂန် နစ္စတန် တောင်ပိုင်း မှာ ပေါက်ကွဲမှု တခု ကြောင့် ဗြိတိသျှ စစ်သား ၆ ဦး သေဆုံး ခဲ့ရ ပါတယ်။

၂၀၀၁ ခုနှစ် က စခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ အခု သေဆုံးခဲ့ရတဲ့ စစ်သား တွေ ကို ထည့်ပေါင်းရင် ဗြိတိန် က ကျဆုံးတဲ့ စစ်သား ၄၀၄ ဦး ရှိသွား ပါပြီ။

အင်္ဂါနေ့ မှာ အခု စစ်သား ၆ ဦး လိုက်ပါသွားတဲ့ သံချပ်ကာ ကား လမ်းတွေပေါ်မှာ ကင်းလှည့် နေစဉ် တိုက်ခိုက်မှု ကြောင့် ကား ပေါက်ကွဲ ပျက်စီး သွားပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန က သူတို့ အားလုံး ပျောက်ဆုံးနေပြီး သူတို့ သေဆုံးသွားကြပြီ လို့ မှတ်ယူထားကြောင်း ကြေညာချက် ထုတ် ပါတယ်။

အာဖဂန် နိုင်ငံ အတွင်း ဗြိတိသျှ စစ်သား တွေ တကြိမ် တည်း နဲ့ အရေအတွက် အခု လောက်များများ သေဆုံးတာ ဟာ ၅ နှစ် အတွင်း အခု အကြိမ် ဟာ အများဆုံး ဖြစ် ပါတယ်။