တိဗက်အမျိုးသမီး မီးရှို့ ဆန္ဒပြ

  • 7 မတ် 2012
Tibet ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ်တုန်းက တိဗက် လူမျိုးတွေ ကိုယ့်ကို ကိုယ် မီးရှို့ ဆန္ဒပြ မှုတွေ ဆက်တိုက် ဖြစ်ခဲ့

ပြီးခဲ့တဲ့ စနေနေ့ က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မှာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့တဲ့ တိဘက်အမျိုးသမီး သေဆုံးသွားပြီ ဆိုတာ ကို တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာန က အတည်ပြု ရေးသား ပါတယ်။

အသက် ၂၀ အရွယ် ကျောင်းသူ တဦးဖြစ်တဲ့ ဆာရင်း ကြည် ဆိုသူ အမျိုးသမီး ဟာ ဂန်ဆု ပြည်နယ် အတွင်း က စျေးအတွင်း သေဆုံးခဲ့ပြီ ဆိုတဲ့ သတင်း ကို ပြည်ပရောက် တိဘက်အရေး လှုပ်ရှား သူတွေ က သတင်းပေးခဲ့ကြပါတယ်။

ရှင်ဟွာသတင်း ထဲမှာတော့ သူဟာ ခေါင်းမှာ ဒဏ်ရာရခဲ့ပြီး တဲ့နောက် စိတ်ဓာတ် အကြီးအကျယ် ကျဆင်း တဲ့ ဝေဒနာ ခံစား နေရတဲ့ သူ ဖြစ်ကြောင်း ရေးသား ထားပါတယ်။

တိဘက် ပြည်သူ အယောက် ၂၀ ကျော် လောက်ဟာ တရုတ် အစိုးရ ကို ဆန့်ကျင် တဲ့ အနေနဲ့ လွန်ခဲ့တဲ့ နှစ် အတွင်း ကိုယ့်ကိုကိုယ် မီးရှို့သတ်သေ ဆန္ဒပြ ခဲ့ ကြပါတယ်။