မဲစာရင်း အမှားတွေအတွက် ဒေါ်စု စိုးရိမ်

  • 9 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က မဲပေး နိုင်သူ စာရင်းတွေ မှာ အမှား အယွင်း တွေ အများ အပြား တွေ့ နေရတဲ့ အတွက် စိုးရိမ် မှု ဖြစ်မိကြောင်း ထုတ်ဖော်ပြော ကြား လိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲပေးနိုင်သူ စာရင်းတွေ ကို လေ့လာကြည့်ရင် ကွယ်လွန်ပြီး တဲ့ သူတွေလည်း စာရင်းထဲမှာ ပါနေတာ၊ ကလေး ငယ် တွေ လည်း စာရင်းထဲမှာ ပါနေ တာ ကို အများ အပြား တွေ့ရတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

မြန်မာနိုင်ငံ မှာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက မဲလိမ်မှု တွေ အကျယ်အပြန့် ဖြစ်ခဲ့ တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

လာမယ့် ဧပြီ လ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ရှိပြီး အာဆီယံက ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မယ့် ကိစ္စ အသေအချာ စဉ်းစား ပါမယ် လို့ မြန်မာ သမ္မတ က ပြောထား ပေမယ့် အခုအချိန် ထိ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အစီအစဉ် ကို အကောင် အထည် ဖော်တာ ကို မတွေ့ရှိ ရသေးပါဘူး။