အိုဘားမား ပြောဆိုချက် အီရန် ကြိုဆို

  • 9 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန်နိုင်ငံ ခေါင်းဆောင် အယာတိုလာ ခမ်မာနီ

အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီး သံတမန် အရေးနဲ့ ဖြေရှင်း နိုင်မယ့် အခွင့်အရေး တချို့ ရှိနိုင်တယ်ဆိုတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပြောဆို ချက်ကို အီရန်နိုင်ငံ ခေါင်းဆောင် အယာ တိုလာ ခမ်မာနီ က ကြိုဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ အခုလို ပြောကြားချက်ဟာ ကောင်းမွန်တဲ့ လုပ်ရပ် ဖြစ်ပေမယ့် အမေရိ ကန် က အီရန်နိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ပြီး အညွန့်ကျိုးအောင် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ အီရန် ခေါင်းဆောင် က ပြောကြားခဲ့ပါတယ်။

အမေရိကန် က သံတမန်ရေးနဲ့ အီရန်ရဲ့ နျူကလီးယားကိစ္စ ကို ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် သမ္မတ အိုဘားမားဟာ စစ်ရေးနဲ့ဖြေရှင်းမယ့် ကိစ္စ ကိုလည်း လုံးဝတော့ ပယ်ဖျက်သေးတာ မဟုတ်ပါဘူး။

နျူကလီးယား ထုတ်လုပ်မှုတွေ နဲ့ ပတ်သက်ပြီး အီရန်ဟာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အင်အားကြီးနိုင်ငံ ၆ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေက ဗီယင်နာ မြို့ လုပ်တဲ့ အစည်းအဝေးပွဲမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။