ကင်ညာ ကျန်းမာရေး ဝန်ထမ်း နှစ်သောင်းခွဲ အလုပ်ထုတ် ခံရ

  • 9 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကင်ညာ ကျန်းမာရေး သူနာပြု ဝန်ထမ်း

ကင်ညာနိုင်ငံမှာ လုပ်ခလစာ နည်းပါးမှုနဲ့ လုပ်ကိုင်နေရပြီး လက်ရှိ အခြေအနေတွေ ကို မကျေနပ်ကြလို့ တပတ်ကြာ ဆန္ဒပြခဲ့ ကြတဲ့ ကျန်းမာရေး ဝန်ထမ်း နှစ်သောင်း ငါးထောင် ကို အလုပ်ကနေ ထုတ်ပယ် လိုက်ပြီ လို့ ကင်ညာ အစိုးရ က ပြောကြား ပါတယ်။

သူနာပြုတွေနဲ့ ဓာတ်ခွဲခန်းဝန်ထမ်းတွေ အပါအဝင် ဆန္ဒပြသူတွေကို ဝန်ထမ်းစာရင်းက ပယ်ဖျက်လိုက်ပြီး ဝန်ထမ်း အစားထိုးဖို့တွေ လုပ်ဆောင် နေပြီလို့ ကင်ညာ အစိုးရ အရာရှိ တဦးက ပြောပါတယ်။

ဒါပေမယ့်လည်း ဒီလို ကြေညာ တာဟာ အစိုးရက အလုပ်သမားတွေနဲ့ ညှိနှိုင်းဖို့ ပရိယာယ် ဆင်တာ ဖြစ်သလို ဝန်ထမ်းအားလုံးကို အစားထိုးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုယ်စားပြုတဲ့ သမဂ္ဂ တခုက ပြောကြား ပါတယ်။

လုပ်ခလစာ နည်းမှု၊ ဝန်ထမ်းမလုံလောက်မှု၊ ဆေးပစ္စည်း ကိရိယာ မပြည့်စုံမှု တွေကြောင့် အခုလို ဆန္ဒပြခဲ့ကြတာ လို့ ကျန်းမာရေး ဝန်ထမ်းတွေက ဆို ပါတယ်။