ဟုမ်းစ်မှာ ကုလဝင်

  • 8 မတ် 2012
syria ဓာတ်ပုံ မူပိုင်
Image caption ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို လေ့လာဖို့ သွား

ဆီးရီးယား နိုင်ငံ ဟုမ်းစ်မြို့က ဘာဘာ အမာ ရပ်ကွက်မှာ ဖြစ်ပျက်နေတာ တွေဟာ ကမ္ဘာပျက် နေတဲ့ အတိုင်းပဲ လို့ ကုလသမဂ္ဂ လူမှု ကူညီရေး အကြီးအကဲ ဗယ်လာရီ အေးမို့စ်က မှတ်ချက်ပေး လိုက်ပါတယ်။

ဆီးရီးယား လခြမ်းနီ အဖွဲ့တွေနဲ့ အတူ ဒေသခံ တွေရဲ့ လိုအပ်ချက် တွေကို လေ့လာဖို့ သွားခဲ့ တာပါ။

ဘာဘာအမာ မှာ ဆီးရီးယား တပ်တွေက ရက် သတ္တပတ်တွေ ချီပြီး ဗုံးကြဲတာ ခံခဲ့ရပါတယ်။

အေးမို့စ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အဆိုအရ အဲဒီမှာ သေနတ်သံတွေ ကြားနေရဆဲ ဖြစ်ပြီး လူသူ မရှိတဲ့ တစပြင်လို ဖြစ်နေတယ်လို့ သိရပါတယ်။

ကြက်ခြေနီအဖွဲ့နဲ့ ဆီးရီးယား ကြက်ခြေနီ အဖွဲ့တွေကို ဒီရပ်ကွက်ထဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဖို့ ဝင်ခွင့် မပေးသေးပါဘူး။

ဒါပေမယ့် အပြင်ဘက် ရပ်ကွက်တွေမှာတော့ ထောက်ပံ့ရေး ပစ္စည်းတွေ စဝေနေပြီ ဖြစ်ပါတယ်။