ဂရိ ကြွေးလျော်မှု မှန်းတာထက်သာ

  • 9 မတ် 2012
greece debt ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂရိ ကြွေးလျော်မှု ယူရို ငွေကြေး တည်ငြိမ်ရေး အတွက် အရေးပါ

ဂရိ ပုဂ္ဂလိက ငွေချေး လုပ်ငန်းရှင် တွေက ယူရို ဘီလျံတွေနဲ့ ချီပြီး ကြွေးမြီ ပေးလျော်မှု မှာ ပါဝင်ကြ တာဟာ မျှော်လင့်တာထက် ပိုလွန်သွားပြီလို့ ဂရိ ဘဏ္ဍာရေး ဝန်ကြီး အီဗန်ဂျလို့စ်က ဆိုပါတယ်။

ယူရို ဘီလျံ တရာကျော် အကြွေးတင် နေတာလည်း ပယ်ဖျက် ပစ်နိုင်ခဲ့တာဟာ သမိုင်းဝင် ဖြစ်ရပ်ပါလို့ သူက ပါလီမန်မှာ ပြောကြား ပါတယ်။

ငွေချေးလုပ်ငန်းရှင် ၈၅ ရာခိုင်နှုန်းက အမြောက်အမြား ဆုံးရှုံးတာကို လက်ခံခဲ့ ကြတယ်လို့လည်း အစိုးရက ကြေညာခဲ့ ပါတယ်။

စုပေါင်း ဆောင်ရွက်မှု ဥပဒေ ခေါ်တဲ့ ဥပဒေ ပြဋ္ဌာန်းပြီး အကြွေး ငွေချေမှုမှာ မပါဝင် သေးသူတွေကို အစိုးရက ဖိအားပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ အစိုးရကလည်း ဂရိ အစိုးရရဲ့ ကြွေးမြီ ပေးလျော်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံ တည်ငြိမ်ရေး အတွက် ခြေလှမ်းကြီးလို့ ခေါ်ဆို လိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး၊ ဥရောပ သမဂ္ဂ စီးပွားရေး ကော်မရှင်နာ မင်းကြီး တို့ကလည်း ယူရို ငွေကြေး တည်ငြိမ်ရေး အတွက် ဆုံးဖြတ်ချက် ပေးမယ့် ဒီဆောင်ရွက်ချက်ကို ကြိုဆို ခဲ့ကြပါတယ်။