ဂါဇာကို အစ္စရေး ဗုံးကြဲလို့ ပါလက်စတိုင်း ရှစ်ယောက်သေဆုံး

  • 10 မတ် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption Popular Resistance Committees အဖွဲ့ဝင်

ဂါဇာ ဒေသကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်း ရှစ်ယောက် သေဆုံး သွားပါတယ်။

သူတို့ရဲ့ အဓိက ပစ်မှတ်တွေထဲက တခုဖြစ်တဲ့ ဒေသတွင်းက စစ်သွေးကြွ အဖွဲ့ တခုဖြစ်တဲ့ Popular Resistance Committees ရဲ့ ခေါင်းဆောင်သစ် မစ္စတာ Zuhair al-Qaisi ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပြီး အဲဒီ ခေါင်းဆောင် သေဆုံးသွားပါတယ်။

မစ္စတာ အယ် ကွမ်စီရဲ့ မတိုင်ခင်တုန်းက အဖွဲ့ခေါင်းဆောင် ဟာလည်း ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အခုလိုဘဲ အစ္စရေးရဲ့ လေကြောင်းက တိုက်ခိုက်မှုမှာ သေဆုံး သွားခဲ့ ပါတယ်။

ပါလက်တိုင်း စစ်သွေးကြွတွေ ကလည်း အစ္စရေး တောင်ပိုင်း နယ်စပ်ထဲ ဖြတ်ကျော် ဝင်ရောက်ပြီး မော်တာတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူနှစ်ယောက် ဒဏ်ရာရသွားပါတယ်။