ဂရိ ဒုတိယ အသုတ် ချေးငွေရဖို့ IMF အဆိုပြု

  • 10 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုင်အမ်အက်ဖ် အကြီးအကဲ Christine Lagarde

ဂရိနိုင်ငံရဲ့ ကြွေးမြီပြဿနာ ကိုဖြေရှင်းဖို့ ဒုတိယအကြိမ် ကူညီထောက်ပံ့မှုရဲ့ တစိတ် တပိုင်း အဖြစ် ၃၆.ရ ဘီလီယံ ဒေါ်လာ ကြွေးသစ် ထုတ်ချေးဖို့ အဆိုပြုမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF အကြီးအကဲ Christine Lagarde က ပြော ပါတယ်။

ဂရိဟာ ပထမ အဆင့် ချေးငွေ ဒေါ်လာဘီလီယံ ၁ရဝ ချေးယူဖို့ လိုက်နာ ဖြည့်ဆည်း ရမယ့် အချက်တွေ လုပ်ဆောင်ခဲ့ပြီးပြီလို့ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေက အစောပိုင်းတုန်းက ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

ဂရိနိုင်ငံက ပုဂ္ဂလိက ငွေချေး ဝန်ဆောင်မှု ပေးတဲ့ အဖွဲ့တွေနဲ့ ယူရိုဘီလီယံ ပေါင်းများစွာ တန်တဲ့ ငွေတိုက်စာချုပ်တွေ အပေးအယူ လုပ်လိုက်တာကြောင့် အခုလို လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်းပေးနိုင်တာလို့ ဂရိ ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။