ဂျပန် ငလျင်နဲ့ ဆူနာမီ နှစ်ပတ်လည် ကျင်းပ

  • 11 မတ် 2012
fukushima ဓာတ်ပုံ မူပိုင် Reuters
Image caption ငလျင်နဲ့ ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ နေရာကို ဂျပန်ဧကရာဇ် နဲ့ ကြင်ယာတော် လာကြစဉ်

ဂျပန်နိုင်ငံ မှာတော့ ပြင်းထန် လှတဲ့ ငလျင်ကြီးနဲ့ ဆူနာမီ လှိုင်းကြီးတွေရဲ့ သဘာဝဘေးဒဏ်ကို အကြီး အကျယ် ခံစားခဲ့ရတာတနှစ်ပြည့်တဲ့နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေကို နိုင်ငံတဝှမ်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီ သဘာဝဘေးကြောင့် သေကြေ ပျောက်ဆုံး ခဲ့ရ သူပေါင်း ၂ သောင်းနီးပါး လောက်ရှိပြီး ဖူကူရှီးမား မှာ ရှိတဲ့ နျူကလီးယား ဓာတ်အား ပေးစက်ရုံ တွေလဲ ထိခိုက် ပျက်ဆီးခဲ့ရပါတယ်။

မနှစ်က ငလျင်ကြီး စလှုပ်ခတ် တဲ့ အချိန်အတိအကျမှာ နိုင်ငံ အရှေ့မြောက် တဝှမ်းမှာ သတိပေး ဥဩတွေ ဆွဲသွားကြမှာ ဖြစ်ပါတယ်။

တိုကျို မြို့တော် မှာတော့ အမျိုးသား အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပ သွားမှာ ဖြစ်ပြီး ဂျပန် ဧကရာဇ် အာကီဟီတို နဲ့ ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ တို့လဲ တက်ရောက်မှာ ဖြစ်ပါတယ်။

ဖူကူရှီးမား နဲ့ နိုင်ငံတွင်းက တခြား ဒေသတွေ မှာတော့ နျူကလီးယား ဆန့်ကျင်တဲ့ ချီတက် ဆန္ဒပြပွဲတွေ ကို ကျင်းပသွားကြဖို့ ရှိပါတယ်။