သမ္မတထပ်ဖြစ်လာတဲ့ မစ္စတာပူတင်ကို ဆန့်ကျင်ဆန္ဒပြ

  • 10 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတွေကမစ္စတာ ပူတင်ကို သမ္မတအဖြစ် အသိ အမှတ်မပြုဘူးလို့ ဆိုပါတယ်

ရုရှားနိုင်ငံမှာ ဗလာဒီမီယာ ပူတင် သမ္မတ အဖြစ် ပြန်လည် အရွေးခံခဲ့ရ တာကို ဆန့်ကျင်တဲ့ အနေနဲ့ ထောင်ပေါင်း များစွာသော လူတွေဟာ မော်စကို မြို့လယ်မှာ စုရုံး ဆန္ဒပြနေကြပါတယ်။

မစ္စတာပူတင်ဟာ မဲလိမ်ခဲ့တယ်လို့ ဆန္ဒပြ သူတွေက စွပ်စွဲလိုက်ပြီး၊ သူ့ကို သမ္မတအဖြစ် အသိအမှတ် မပြုဘူးလို့ ဆိုပါတယ်။

အခု ဆန္ဒပြ နေကြသူ အရည်အတွက်ဟာ ဒီဇင်ဘာ ပါလီမန် ရွေးကောက်ပွဲပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူ အရေအတွက်ထက် နည်းတဲ့ပုံ ပေါ်ကြောင်း ဆန္ဒပြပွဲမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အတိုက်အခံတွေ အနေနဲ့ သူတို့ရဲ့ အခုလို ဆန္ဒပြမှု အရှိန်ကို ဆက်ထိန်းထား နိုင်ဖို့အတွက် အခက်အခဲ ရှိကောင်း ရှိနိုင်တယ်လို့ သတင်းထောက်ကပြောပါတယ်။

ဆန္ဒပြပွဲဟာ ယေဘုယျအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းရှိပေမယ်လို့ အတိုက်အခံခေါင်းဆာင် တဦးနဲ့ သူ့ကို ထောက်ခံသူ တချို့ဟာ ရဲတွေ အကာအရံ လုပ်ထားတာကို ကျော်ဖို့ ကြိုးစားတဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။