ဆီးရီးယား အခြေအနေ ကိုဖီအာနန် စိုးရိမ်

  • 11 မတ် 2012
syria ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဖီအာနန်နဲ့ သမ္မတ အာဆတ်ဒ်

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ် တို့ရဲ့ အထူးကိုယ်စားလှယ် ကိုဖီ အာနန်က ဆီးရီးယားနိုင်ငံအတွင်းကအခြေအနေ တွေနဲ့ ပတ်သက်လို့ သူ့ အနေနဲ့ အလွန် အမင်းစိုးရိမ်မိတယ်လို့ဆီးရီးယားသမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ကို ပြောလိုက် ပါတယ်။

ဒမတ်စကတ်စ် မှာရောက်ရှိ နေတဲ့ မစ္စတာ အာနန်က လုံးဝ အပစ်အခတ် ရပ်ဆဲဖို့၊ လူသားချင်းစာနာတဲ့ အကူအညီ တွေပေးနိုင်ဖို့ နဲ့ အစိုးရနဲ့ အတိုက်အခံ တွေ ၂ ဘက် ဆွေးနွေးကြဖို့ တွေကို တိုက်တွန်း အကြံပြု ထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

သမ္မတ အာဆတ်ဒ်ကတော့ သူက အကြမ်းဖက် သူတွေ လို့ဆို ထားတဲ့ အတိုက် အခံတွေ လှုပ်ရှားနေသမျှနိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့အတွက်ကိုငြင်းဆန် ထားပါတယ်။ သူဟာ တနင်္ဂနွေ နေ့မှာ မစ္စတာ အာနန်နဲ့ ထပ်တွေ့ဆုံ ဖို့လဲ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ တုန်းကတော့ မစ္စတာ အာနန်ဟာ အတိုက်အခံ အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံခဲ့ ပါတယ်။ ဒါပေမယ့် ဘယ်မှာ တွေ့ဆုံခဲ့ တယ်ဆိုတာကို တော့ ကွဲကွဲပြားပြား မသိရပါဘူး။