အမေရိကန် အလုပ်အကိုင် နှစ်သိန်းခွဲကျော် ဖြည့်ဆည်းနိုင်ခဲ့

  • 10 မတ် 2012
ဓာတ်ပုံ မူပိုင်
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ လတုန်းက အလုပ်အကိုင်သစ် နှစ်သိန်းခွဲနီးပါး ဖန်တီးနိုင်ခဲ့တယ်လို့ နောက်ဆုံး ထွက်လာတဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။

စစ်တမ်းမှာ လူ နှစ်သိန်း နှစ်သောင်း ခုနှစ် ထောင် လောက် အလုပ်အကိုင်သစ် ရှာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စီးပွားရေး ပြန်အားကောင်းလာတယ်လို့ အတိအကျ ပြမနေပေမယ့် စီးပွားရေး အပေါ် အဓိက အာရုံစိုက်နေကြတဲ့ အခုလို သမ္မတ ရွေးကောက်ပွဲ နီးလာချိန်မှာ ဒါဟာ သမ္မတ အိုဘားမား အတွက် သတင်းကောင်း တခု ပဲ လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် အလုပ်လက်မဲ့ နှုန်းဟာ ကွဲပြားတဲ့ စစ်တမ်းကောက်ယူမှုတွေ အပေါ်မှာ အခြေခံပြီး ၈.၃ ရာနှုန်းမှာ ဆက်ရှိ နေဆဲပဲ လို့ ဆိုပါတယ်။