အမေရိကန်စစ်သားလက်ချက်ကြောင့် အာဖဂန်မှာ လူအများသေဆုံး

  • 11 မတ် 2012
ဓာတ်ပုံ မူပိုင် bbc
Image caption အဲဒီစစ်သားကို အခုတော့ ထိန်းသိမ်းထား လိုက်ပြီ ဖြစ်ပါတယ်

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ မြို့မှာ အမေရိကန် စစ်သားတဉီးဟာ စိတ်ဖေါက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အိမ်တွေမှာ ရှိနေကြသူ အနည်းဆုံး ၁၆ ဉီး လောက် သေဆုံး သွားပါတယ်။

အခု အဖြစ်အပျက်ဟာ ဒီကနေ့ မနက် အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ စစ်သားဟာ အမေရိကန် စစ်တပ် အာဏာပိုင်တွေထံ လက်နက်ချခဲ့ပါတယ်။ အခုတော့သူ့ကို ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

အခု အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်မှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အာဖဂန်နဲ့ အမေရိကန် တပ်ဖွဲ့တွေ အကြား ဆက်ဆံရေး တင်းမာနေတဲ့အချိန်မျိုးမှာ အခုလို သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အမေရိကန်စစ်စခန်းတခုမှာ ပြီးခဲ့တဲ့လက ကိုရမ်ကျမ်းတွေကို မှားယွင်းပြီး မီးရှို့ခဲ့မှုအတွက် အာဖဂန်နိုင်ငံတလွှား အကြမ်းဖက် ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။