ယူကေ ဝန်ကြီးချုပ် ကန် သုံးရက် ခရီး စတင်

  • 14 မတ် 2012
obama cameron ဓာတ်ပုံ မူပိုင် AP
Image caption ကန် သမ္မတ အိုဘားမားနဲ့ လန်ဒန် ဒေါင်းနင်းလမ်း နေအိမ်မှာ အမှတ်တရ

ဗြိတိန် ဝန်ကြီးချုပ် David Cameron ဟာ သုံး ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန်ပြည် ထောင် စုမှာ ရောက်ရှိနေပါတယ်။

ဒီကနေ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ မစ္စတာ Cameron တို့ ဆွေးနွေး ပြောဆိုတဲ့ အခါအာဖဂန်နစ္စတန်နိုင်ငံ အခြေအနေကိစ္စက အများဆုံး လွှမ်းမိုးနေမယ်လို့ ယူဆရပါတယ်။

မစ္စတာ Cameron ဟာ ဘတ်စကက်ဘောပြိုင်ပွဲ ကြည့်ဖို့ သမ္မတ အိုဘားမားနဲ့အတူ အိုဟိုင်ယိုး ပြည်နယ်ကို သမ္မတ လေယာဉ် Air Force One နဲ့ သွားဖို့ ရှိပြီး သူဟာ အဲဒိ သမ္မတ လေ ယာဉ် စီးဖို့ ဖိတ်ခေါ်ခံရသူ ပထမဆုံး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် ဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ သတင်းစာမှာ နိုင်ငံ ခေါင်းဆောင် နှစ်ယောက်ရဲ့ ပူးတွဲ သဘောထားကို ဖော် ပြရာမှာ နှစ်နိုင်ငံ ရင်းနှီးတဲ့ ဆက်ဆံရေးကို နိုင်ငံတကာက နှစ်ကိုယ့် တစိတ် အဖြစ် ရှုမြင် ထားကြောင်း ရေးသားထားပါတယ်။

မကြာခင်က အာဖဂန် နစ္စတန်မှာ အမေရိကန် စစ်သား တယောက်က အာဖဂန် အရပ် သားတွေကို ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ စလုံးက တပ်တွေကို အာဖဂန် နိုင်ငံထဲက ရုပ်သိမ်းဖို့ အချိန် ဇယား ရေးဆွဲဖို့ ကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။