တောင်ပိုင်း ဆူဒန် နိုင်ငံ လူမျိုးစု ပဋိပက္ခကြောင့် လူရာထောင်ချီ သေဆုံး

  • 13 မတ် 2012
Image caption ကျွဲနွှား လုယူမှုကနေ လူမျိုးရေး အဓိကရုန်းဖြစ်

တောင်ပိုင်း ဆူဒန်နိုင်ငံမှာ လူမျိုးစု ဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူနှစ်ရာကျော် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နိုင်းလ် ပြည်နယ် အထက်ပိုင်းမှာ မာလီ လူမျိုးစုတွေက လာရောက် စီးနင်း တိုက်ခိုက်ခဲ့ ပြီးတဲ့နောက် ရာထောင်ချီတဲ့ လူတွေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက လွတ်လပ်ရေး ရခဲ့တဲ့ တောင်ပိုင်း ဆူဒန်နိုင်ငံမှာ ကျွဲအုပ် ၊နွားအုပ်တွေ လုယူမှုကနေ မာလီနဲ့ လူနူ လူမျိုးစုတွေကြား လက်စားချေ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ထောင်သောင်းချီတဲ့ လူတွေ သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။