Yahoo က Facebook ကို တရားစွဲပြီ

  • 13 မတ် 2012
ဓာတ်ပုံ မူပိုင် PA
Image caption ဖေ့စ်ဘွတ်ခ်ကို ရာဟူးက တရားစွဲပြီ

အင်တာနက် ကုမ္ပဏီ တခုဖြစ်တဲ့ Yahoo က Facebook ကို သူရဲ့ မူပိုင် ဆယ်ခုကို ခိုးယူ သုံးစွဲမှုနဲ့ စွပ်စွဲကာ တရားစွဲဆိုထားပါတယ်။ ရာဟူးရဲ့ မူပိုင်ဖြစ်တဲ့ message ပို့တာ ၊ ကြော်ငြာတဲ့ ပုံစံနဲ့ ဆင်တူယိုးမှား ပြုလုပ်တာတွေ အပြင် ကိုယ်ရေး အချက်အလက်တွေ ထိန်းချုပ်တဲ့ နည်းပညာတွေကို ဖေ့စ်ဘွတ်ခ်က ယူပြီး သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ် ဖက်က တုန့်ပြန်ချက်ကတော့ ရာဟူးဟာ သူတို့နဲ့ ရေရှည် လက်တွဲ အလုပ်လုပ်လာတဲ့ စီးပွားဖက်တွေ ဖြစ်ပြီး အဲဒီလို အတူတကွ လုပ်ဆောင် မှုတွေကြောင့် နှစ်ဖက် ကုမ္ပဏီတွေမှာ အကျိုးအမြတ်တွေ အများအပြား ရှိခဲ့ပါတယ် ၊ အခုလို တရားစွဲဆိုမှုကြောင့် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ အခုလို ပဟေဌိ ဆန်လှတဲ့ ရာဟူးရဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ကာကွယ်တုန့်ပြန်သွားမယ်လို့လည်း ပြောပါတယ်။