ဆီးရီးယား သမ္မတ အီးမေး ဖောက်ခံရ ဆို

  • 15 မတ် 2012
assad ဓာတ်ပုံ မူပိုင် AFP
Image caption အဓိကရုဏ်း ကိုင်တွယ်ဖို့ အီရန်ဆီက အကြံယူ

ဆီးရီးယား သမ္မတ ဘရှား အာဆတ်နဲ့ သမ္မတ ကတော်ကြား အပြန် အလှန် ပို့တဲ့ အီးမေးစာ တွေကို ဖောက်ယူ ရရှိထားတယ်လို့ ဗြိတိသျှ သတင်းစာ တစောင်က ဆိုပါတယ်။

ဒီအီးမေး တွေအရ သူ့ကို ဆန့်ကျင်တဲ့ အဓိကရုဏ်း တွေကို ကိုင်တွယ်ဖို့ အီရန် ဆီကနေ မစ္စတာ အာဆတ် အကြံဉာဏ် ရယူခဲ့တယ်လို့ သိရပါတယ်။

ဟုမ်းစ်မြို့ စစ်ဆင်ရေးကို ဘီစကစ် မုန့်တွေ၊ အရုပ်တွေ သုံးပြီး ပြန်လည် ဇာတ်ကွက်ဆင် ရိုက်ကူးတဲ့ ဟာသ ဗီဒီယို တွေနဲ့ ပတ်သက်ပြီး ရုံးဝန်ထမ်း တွေနဲ့ သမ္မတ အာဆတ် မှတ်ချက်တွေ အပြန်အလှန် လဲခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။

ကာတာ စော်ဘွား သမီးတော် ဆီက လာတယ် ထင်တဲ့ အီးမေးမှာတော့ ဆီးရီးယား ခေါင်းဆောင် ဇနီးမောင်နှံ သူတို့ဆီ ခိုလှုံလာဖွယ် ရှိတယ်လို့ ပါရှိပါတယ်။

မနှစ် ဇွန်လနဲ့ ဒီနှစ် ဖေဖော်ဝါရီလကြားမှာ ဆီးရီးယား အတိုက်အခံ တွေက ဒီအီးမေးတွေကို ကြားဖြတ် ဖမ်းယူခဲ့တယ်လို့ ဂါးဒီးယန်း သတင်းစာက ဆိုပါတယ်။