အမေရိကန် က တာလီဘန်နဲ့ ဆက်ဆွေးနွေးချင်

taliban ဓာတ်ပုံ မူပိုင်
Image caption အကျဉ်းသားချင်း လဲဖို့ ဆွေးနွေးခဲ့

အမေရိကန် ဘက်က အာဖဂန် ပြန်လည် စည်းလုံးရေး အတွက် စိတ်အား ထက်သန်ဆဲ ရှိသေးကြောင်း သမ္မတ အိုဘားမားရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

တာလီဘန် ဘက်က အမေရိကန်နဲ့ ငြိမ်းချမ်းရေး ညှိနှိုင်း အဖြေရှာ နေရာက နောက်ဆုတ် သွားပြီးတဲ့ နောက် ဒီကြေညာချက် ထွက်လာတာပါ။

အမေရိကန် ဘက်ကတော့ ဒီဆွေးနွေးပွဲ တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် ကြိုးစား နေတာပါ။

ကာတာမှာ နိုင်ငံရေး ရုံး ဖွင့်နိုင်ဖို့နဲ့ ပြန်ပေးဆွဲထားတဲ့ အမေရိကန် စစ်သား တယောက်ကို တာလီဘန် တပ်သား ၅ ယောက်နဲ့ လဲလှယ်ဖို့ ကိစ္စတွေကို တာလီဘန် ဘက်က အမေရိကန်တွေနဲ့ ဆွေးနွေး နေခဲ့တာပါ။

အာဖဂန် အာဏာပိုင်တွေ ဆွေးနွေးပွဲ တွေမှာ ပါဝင်တာကိုလည်း လက်ပါးစေ တွေ မပါဝင် စေချင်ဘူးလို့ စစ်သွေးကြွတွေ ဘက်က ကန့်ကွက် ထားပါတယ်။