အင်တာနက် ဥပဒေသစ် တရုတ် ပြဌာန်း

  • 16 မတ် 2012
weibo ဓာတ်ပုံ မူပိုင် Reproducao
Image caption Twitter နဲ့ ဆင်တဲ့ Weibo ဝက်ဆိုက်ဒ် သုံးသူ သန်းပေါင်း ၃၀၀ ကျော်ရှိ

တရုတ်နိုင်ငံမှာ သန်းနဲ့ချီတဲ့ အသေးစား ဘလော့ သုံးစွဲသူတွေဟာ တရုတ်အစိုးရရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အင်တာနက်ဆိုင်ရာ ဥပဒေ အသစ်တွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

တရုတ်အစိုးရက အခြေအမြစ်မရှိတဲ့ ကောလ ဟာလ သတင်းတွေ ပြန့်ပွားမှု မရှိအောင် ဆိုပြီး အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။

မြို့တော် ဘေကျင်းမှာ ဆိုရင် ဘလော့ဂါတွေ ဟာ မိမိတို့ရဲ့ နာမည်မှန်တွေကို မှတ်ပုံတင် ပြီးမှသာ ဘလော့သတင်းတွေကို တင်ပြနိုင်မှာ ဖြစ်ပါတယ်။

တခြားမြို့ကြီးတွေကလည်း အလားတူ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

Twitter နဲ့ ဆင်တူတဲ့ တရုတ်နိုင်ငံက Weibo ဆိုတဲ့ အင်တာနက် လူမှု့ကွန်ယက် ဝက်ဆိုက်ဒ် မှာ သုံးစွဲသူ သန်းပေါင်း ၃၀၀ ကျော်ရှိပြီး သတင်းဖလှယ်ဖို့ အဓိက အရင်း အမြစ်တခု ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ အခုလို ကန့်သတ်ချက်တွေလုပ်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို တားမြစ်တာဖြစ်တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။