ရေနံကြွယ်ဝပြီး အဆင်းရဲဆုံး အရှေ့တီမော သမ္မတသစ်ရွေး

  • 16 မတ် 2012
Image caption အရှေ့တီမောက လက်ရှိ အာဏာရ Jose Ramos Horta

အင်ဒိုနီးရှားရဲ့ ကိုလိုနီ အဖြစ်ကနေ လွတ်မြောက်ခဲ့တာ ဆယ်နှစ်ပြည့်မြောက်ဖို့ နှစ်လသာ လိုတော့တဲ့ ဒီကနေ့ မတ်လ ၁၇ နေ့မှာ သမ္မတ သစ်ကို ရွေးကောက် တင်မြှောက်ကြတော့မှာ ဖြစ်ပါတယ်။

သမ္မတလောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ကြမယ့်သူ ၁၂နှစ်ယောက်ထဲမှာ လက်ရှိ သမ္မတ၊ အရင် စစ်တပ် အကြီးအကဲနဲ့ ပါလီမန် ဥက္ကဌ ဖြစ်သူ Jose Ramos Horta လည်း ပါဝင်ပါတယ်။

အင်ဒိုနီးရှား လက်အောက်က လွတ်လပ်ရေး ရချိန်မှာ ရေနံ အရင်းအမြစ်တွေ အတော်များများ ရလိုက်ပေမယ့် အရှေ့တီမော နိုင်ငံဟာ ကနေ့ချိန်ထိ အာရှရဲ့ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ စာရင်းထဲမှာ ဆက်လက် ပါနေဆဲ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် တုန်းက အင်ဒိုနီးရှားတွေ ဆိုးရွား ရက်စက်စွာ ရုတ်သိမ်း ခဲ့ပြီးတဲ့ တပ်စွဲထားခဲ့တဲ့ ကုလသမဂ္ဂ တပ်တွေဟာ ဒီနှစ်အကုန်က အရှေ့တီမောကနေ ဆုတ်ခွာသွားတော့မှာ ဖြစ်ပါတယ်။