မြောက်ကိုးရီးယား အာကာသ အစီအစဉ် ကန် ရှုတ်ချ

  • 16 မတ် 2012
korea rocket
Image caption မြောက်ကိုးရီးယားရဲ့ အာကာသ အစီအစဉ်က ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေ

မြောက်ကိုရီးယား နိုင်ငံက သူတို့ နိုင်ငံထူထောင် သူ ခေါင်းဆောင်ကြီး ကင်မ်အီလ်ဆွန်း အသက် ၁၀၀ ပြည့် အထိမ်း အမှတ် အဖြစ် တာဝေးပစ် ဒုံးပျံကို အသုံးပြုပြီး ဂြိုဟ်တု တစ်လုံးကို ကမ္ဘာ ပတ် လမ်းကြောင်းထဲ စမ်းသပ် ပစ်လွှတ်မယ် ဆိုတဲ့ အစီအစဉ်ကို အမေရိကန် ပြည်ထောင်စုနဲ့ ဂျပန် နိုင်ငံတို့က ရှုတ်ချ လိုက်ပါတယ်။

တောင်ကိုရီးယားဘက်ကတော့ မြောက်ကိုရီး ယား ရဲ့ စမ်းသပ်မှုဟာ အကြီးအကျယ် ရန်စတာ ဖြစ်တယ်လို့ ပြောပြီး ဂျပန်ကလည်း ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ တိုက်တွန်းထား ပါတယ်။

အဲဒီတုန်းက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်က ဂျပန် နိုင်ငံကို ဖြတ်ကျော် ပစ်လွှတ်ခဲ့တာ ဖြစ်လို့ ဂျပန် နိုင်ငံက အထူး စိတ်ပူ နေတာပါ။ မြောက်ကိုရီးယား အနေနဲ့ သူ့ အစီ အစဉ်ကို ရှေ့မဆက် သင့်ဘူးလို့ ဂျပန် နိုင်ငံ အတွင်းဝန်ချုပ် Osamu Fujimura က အခုလို ပြောပါတယ်။

တကယ်တန်းမှာလည်း၂၀၀၉ ခုနှစ်က အလားတူ စမ်းသပ်မှုမျိုး ပြုလုပ်ခဲ့ ပြီးတဲ့ နောက်ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက် တွေကိုလည်း အခု လုပ်မယ့် အစီ အစဉ်က ချိုးဖောက်ရာကျနေ ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အရ အဝေးထိန်း နည်းပညာကို သုံးတဲ့ ဘယ်လို ဒုံးပျံ ပစ်လွှတ်မှု မျိုးကို မဆို တားမြစ်ထားပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ အခြေ အနေကို အနီးကပ် စောင့် ကြည့် နေပါတယ်လို့ ဂျပန် နိုင်ငံ အတွင်းဝန်ချုပ် Osamu Fujimura ပြော ပါတယ်။

မြောက်ကိုရီးယား နိုင်ငံက တာဝေးပစ် မီဆိုင်း ဒုံးပျံတွေ ပစ်လွှတ်မှုကို ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့လ ကပဲ သဘောတူခဲ့ ပါတယ်။ ဒါကလည်း အမေရိကန် ပြည်ထောင်စုက သူ့နိုင်ငံကို စားနပ် ရိက္ခာ တန်ချိန် နှစ်သိန်း လေးသောင်း ထောက်ပံ့ဖို့ သဘောတူညီချက်ရဲ့ အစိတ် တပိုင်း ဖြစ်ပါတယ်။

အာကာသ နည်းပညာ ဆိုင်ရာ ကိုရီးယား ကော်မီတီ ပြောရေးဆိုခွင့် ရှိသူက အဲဒီ စမ်းသပ်မှုကို လာမယ့် ဧပြီလ ၁၂ ရက်နဲ့ ၁၆ ရက်ကြားမှာ ပြုလုပ်မယ်လို့ သိရှိရပါတယ်။

လာမယ့် လမှာ ပစ်လွှတ်မယ့် The Kwangmyongsong-3 လို့ နာမည်ပေးထားတဲ့ ဂြိုဟ်တု ဟာ အာကာသကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုရေး အတွက် မြောက် ကိုရီးယား က အာကာသ နည်းပညာကို နောက်ထပ် အဆင့်မြှင့် လိုက်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံရဲ့ ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။­­