ဆီးရီးယား လူမှုကူညီရေး ကုလပါခွင့်ရ

  • 16 မတ် 2012
syria ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် တွေအတွက် အိမ်ရာဆေးဝါး ကူညီထားလို့ လက်ဘနွန်ဆို

ဆီးရီးယားမှာ ဒီသီတင်းပတ် ကုန်မှာ စေလွှတ်မယ့် အစိုးရ ခေါင်းဆောင်တဲ့ လူမှု ကူညီရေး အဖွဲ့မှာ ကုလ သမဂ္ဂ ကလည်း လိုက်ပါ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့က အဆိုးရွားဆုံး ပစ်ခတ် ခံခဲ့ရတဲ့ ဟုမ်းစ်၊ ဒဲရာနဲ့ ဟာမာ မြို့ခံလူထု တွေရဲ့ အခြေအနေ တွေကို စုံစမ်းမှာ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရနဲ့ နီးစပ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ပျက်ကွက်တယ် ဆိုတဲ့ လက်ဘနွန် အပေါ် စွပ်စွဲချက် တွေကို လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီ က ငြင်းဆို ခဲ့ပါတယ်။

ဒုက္ခသည်တွေ အတွက် အိမ်ရာနဲ့ ဆေးဝါး အကူအညီ တွေ ပေးထားတယ်လို့ သူက ဆိုပါတယ်။

အားလုံး ကိုလည်း ကြိုဆိုပါတယ်၊ ဘယ်သူ့ကိုမှ ဆီးရီးယား ဘက် ပြန်မပို့ ပါဘူးလို့ လည်း ပြောကြား သွားပါတယ် ။