အီဂျစ် ကော့ပ်တစ် ဂိုဏ်းချုပ် ကွယ်လွန်

  • 17 မတ် 2012
 Pope Shenouda
Image caption ကွယ်လွန်သွားခဲ့တဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး တတိယမြောက် ရှန်နူဒါ

အီဂျစ် နိုင်ငံက ကော့ပ်တစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး တတိယမြောက် ရှန်နူဒါ ဟာ ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ဂိုဏ်းချုပ် ဘုန်းတော်ကြီး ရှန်နူဒါဟာ အရှေ့ အလယ်ပိုင်း ဒေသမှာ ရှိတဲ့ အကြီးမားဆုံး ခရစ်ယာန် အသင်းတော် မှာ ၁၉၇၁ ခုနှစ်က စပြီးခေါင်းဆောင် နေခဲ့တာ ဖြစ်ပါတယ်။

သူဟာ အသက် ရှစ်ဆယ် ကျော်ရှိနေပြီ ဖြစ်ပြီး ကျန်းမာရေး သိပ်မကောင်းဘဲ ဖြစ်နေတာလဲ နှစ် အတော်ကြာ နေပြီ ဖြစ်ပါတယ်။

ကော့ပ်တစ် အသင်းတော်ဟာ အီဂျစ် နိုင်ငံမှာ အဓိက ကျတဲ့ ရှေးရိုး ခရစ်ယာန် အသင်းတော် ကြီးဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် နှစ်များ အတွင်းက စပြီး ကော့ပ်တစ် ခရစ်ယာန် တွေနဲ့ အစ္စလာမ်မစ် အဖွဲ့တွေ အကြားမှာ ဆက်ဆံရေး တွေ မပြေမလည် ဖြစ်လာ နေခဲ့ပါတယ်။

အီဂျစ် နိုင်ငံ က လူဉီးရေ သန်း ၈၀ မှာ မူစလင် လူဉီးရေက အများစု ဖြစ်ပြီး လူဉီးရေ ၁၀ သန်း သာရှိတဲ့ ကော့ပ်တစ် ခရစ်ယာန် တွေက သူ့ကို ဘာသာရေး အတွက် အကာအကွယ် ပေးနေသူ တဉီး အဖြစ် ရှုမြင်ကြပါတယ်။