မော်ရိုကိုမှာ လိင်ဆိုင်ရာ စော်ကားမှု ဥပဒေကို ဆန္ဒပြကြ

  • 17 မတ် 2012
rabat
Image caption ရာဘက်မြို့က ဆန္ဒပြပွဲ တခု

မော်ရိုကို နိုင်ငံက ရာဘက် မြို့တော်မှာ တော့ လိင်ဆိုင်ရာ စော်ကားမှုတွေ နဲ့ ပတ်သက်တဲ့ ဥပဒေ ကို ဆန့်ကျင် တဲ့ အနေနဲ့ လူပေါင်း ရာနဲ့ ချီပြီး ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ ဥပဒေ ထဲမှာ မုဒိမ်းမှုကို ကျူးလွန်သူဟာ သူကျူးလွန်ခဲ့သူ အမျိုးသမီးကို လက်ထပ်ယူရင် အရေးယူ ခံရခြင်းကနေ ကင်းလွတ် နိုင်ခွင့် ကို ပေးထား ပါတယ်။

ဒီ ကိစ္စ မဖြစ်ခင် ကလေးကပဲ မော်ရိုကို မြောက်ပိုင်း တန်ဂျီယာ မြို့အနီးက အမီနာ ဖီလာနီ ဆိုတဲ့ ၁၆ နှစ် အရွယ် မိန်းကလေး တဉီး ကိုယ့်ကိုယ်ကို အဆုံး စီရင်သွား ခဲ့တဲ့ သတင်းဟာ အင်တာနက် အပေါ်ကနေ ပျံ့နှံ့ သွာခဲ့ပါတယ်။ ဒီမိန်းကလေး ကို သူ့ကို မတရား ပြုကျင့်ခဲ့တဲ့ သူကို လက်ထပ်ဖို့အတွက် တရားရုံးက ဖိအားပေးခဲ့တယ်လို့ သူမရဲ့မိဘတွေကပြောပါတယ်။

သူမရဲ့ အပေါ်မှာ ဒီ မတရားမှု ကျူးလွန်ခဲ့သူနဲ့ သူ့ရဲ့ မိသားစု ဘက်က နောက်ဆက်တွဲ စော်ကားမော်ကား ပြုလုပ်ခဲ့ မှုတွေကြောင့် နောက်ဆုံး ကြွက်သတ်ဆေး ကို သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေ သွားခဲ့ တာ ဖြစ်ပါတယ်။

မော်ရိုကိုမှာ လွန်ခဲ့တဲ့ ၈ နှစ်က အမျိုးသမီး တွေအတွက် အခြေအနေ အရပ်ရပ် တိုးတက် လာစေဖို့ ရည်ရွယ်ပြီး ဥပဒေပိုင်းမှာ မွန်းမံ မှုတွေ လုပ်ထား ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေက တော့ လိုအပ်ချက် တွေ ရှိနေဆဲ ဖြစ်လို့ အများကြီး ဆက်လုပ်သွားဖို့ လိုအပ် နေတယ်လို့ ဆိုနေကြပါတယ်။