ဆီးရီးယားမှာ ပေါက်ကွဲမှုတွေ ၂နေရာမှာ တပြိုက်နက် ဖြစ်ပွား

  • 17 မတ် 2012
_syria_blast ဓာတ်ပုံ မူပိုင် AFP
Image caption ဒမတ်စကတ်စ် က ပေါက်ကွဲမှု အပျက်အဆီး များ

ဆီးရီးယား နိုင်ငံ၊ ဒမတ်စကတ်စ် မြို့တော် က နေရာ ၂ နေရာမှာ တပြိုင်နက် ဆိုသလို ဖြစ်ခဲ့တဲ့ ပေါက်ကွဲ မှုတွေကြောင့် အနည်းဆုံး လူ ၂၇ ဉီး သေဆုံး သွားခဲ့ ရတယ်လို့ ဆီးရီးယား အာဏာ ပိုင် တွေက ပြောပါတယ်။

မြို့တော် အတွင်းက ကီလိုမီတာ အနည်းငယ် အကွာစီမှာ တည်ရှိတဲ့ ထောက်လှမ်းရေး ရုံးနဲ့ လုံခြုံရေး အဆောက်အအုံ တွေကို အသေခံပြီး ကားဗုံးခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံ သတင်းမှာ ဆိုပါတယ်။

ရုပ်မြင် သတင်းကြေငြာသူက ဆီးရီးယား အစိုးရက အတိုက်အခံ တွေကို ခေါ်တဲ့ အသုံးအနှုန်း အတိုင်း အကြမ်းဖက် သမားတွေ ရဲ့ လက်ချက် လို့ ဆိုလိုက်ပြီး သူတို့ကို ဆော်ဒီ အာရေဗျနဲ့ ကာတာ တို့က ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ စွပ်စွဲ ထားပါတယ်။

အတိုက်အခံ ဖြစ်တဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်ဘက်က ပြောခွင့်ရသူ ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့မှာ တာဝန်မရှိကြောင်းနဲ့ ဒါဟာ အတိုက်အခံတွေကို နာမည်ပျက်စေအောင် ဆီးရီးယား အစိုးရဘက်က တမင် ပြုလုပ်တဲ့ ပေါက်ကွဲမှုတွေသာ ဖြစ်တယ်ဆိုပြီး ပြန်လှန်စွပ်စွဲ ထားပါတယ်။