လစ်ဗျားက ဗြိတိသျှ သတင်းထောက် တွေပြန်လွတ်

  • 18 မတ် 2012
british_journalists
Image caption ပြန်လွတ်လာတဲ့ သတင်းထောက် ၂ ဉီး

လစ်ဗျား နိုင်ငံထဲကို သူလျှို ဝင်လုပ် ခဲ့တယ်ဆိုပြီး လစ်ဗျား လက်နက်ကိုင် တွေက စွပ်စွဲ ဖမ်းဆီး ထားတဲ့ ဗြိတိသျှ လူမျိုး သတင်းထောက် ၂ ဉီးကို ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

အီရန် ရုပ်မြင် Press TV မှာ လုပ်ကိုင် နေကြတဲ့ နစ်ကလပ်စ် ဒေးဗစ္စ ဂျုံးစ် နဲ့ ဂဲရက်သ် မွန်ဂိုမာရီ ဂျွန်ဆင်တို့ ဟာ ပြီးခဲ့တဲ့ လက ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ လစ်ဗျား လက်နက်ကိုင် တွေက သူတို့တွေဟာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အစောပိုင်းက တော့ သူတို့တွေကို လစ်ဗျား အစိုးရ လက်ကို လွှဲအပ်ပေးခဲ့ကြပါတယ်။ လစ်ဗျား ပြည်ထဲရေး ဌာနက တော့ သူတို့တွေ ဘာအပြစ်မှ မကျူးလွန်ခဲ့တာ ထင်ရှား လို့ ပြန်လွှတ် ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထရစ်ပိုလီ မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဒီ လူ ၂ ဉီးမှာ သူတို့ လိုအပ်တဲ့ စာရွက်စာတမ်း တွေ မပြည့်စုံတာတွေ ရှိနေတာ မှန်ပေမဲ့ သူတို့ကို ဖမ်းဆီး ခဲ့တဲ့ အကြောင်းရင်းက အရင် ကဒါဖီ အစိုးရကို ထောက်ခံ ခဲ့တယ်လို့ ဆိုကြတဲ့ အီရန်က ဒီ press TV ရုပ်မြင် မှာ လုပ်ကိုင်နေတာ ကြောင့်လဲ ဖြစ်နိုင်ကြောင်း သံသယတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။