ဆီးရီးယားနိုင်ငံမြို့တော်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွား

  • 19 မတ် 2012
ဓာတ်ပုံ မူပိုင် reuters
Image caption တိုက်ခိုက်မှုတွေဟာ မနက်လင်းအားကြီး အချိန် အထိကို ဆက်လက် ဖြစ်ပွားနေခဲ့

ဆီးရီးယားနိုင်ငံ ဒမားစကပ်စ် မြို့မှာ အတိုက် အခံ သေနတ်သမားတွေနဲ့ သမ္မတ ဘာရှာ အဲလ် အာဆတ်ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေ အကြား ညဖက်အချိန် နာရီပေါင်း အတော်ကြာ တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အမဲဇာ ရပ်ကွက်ဘက်မှာ ညသန်းခေါင်အချိန် နောက်ပိုင်း ပေါက်ကွဲသံတွေနဲ့ စက်သေနတ် ပစ်ခတ်သံတွေကို ကြားခဲ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲဒီရပ်ကွက်ဟာ အစောင့်အကြပ် အသေအချာ ချထားမှုတွေရှိတဲ့ လူကုံထံ ရပ်ကွက်ပိုင်း ဖြစ်ပြီး၊ အစိုးရ ကိုထောက်ခံတဲ့ ဝန်ထမ်း အိမ်ယာတွေနဲ့လည်း နီးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက သမ္မတအာဆတ် ရာထူးက ဆင်းပေးရေး ဆန္ဒပြသူတွေကို အဲဒီ ဝန်ထမ်း အိမ်ယာမှာ နေထိုင်သူတွေက ပစ်ခတ်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

တိုက်ခိုက်မှုတွေဟာ မနက်လင်းအားကြီး အချိန်အထိကို ဆက်လက် ဖြစ်ပွားနေခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုအချိန်မှာတော့ အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတယ်လို့လည်း သတင်းထောက်က ပြောပါတယ်။