နိုင်ငံတကာ အဏုမြူအေဂျင်စီကို မြောက်ကိုရီးယားကဖိတ်ကြား

  • 19 မတ် 2012
IAEA အဖွဲ့ညွှန်ကြားရေးမှူး ဓာတ်ပုံ မူပိုင် AFP
Image caption IAEA အဖွဲ့ညွှန်ကြားရေးမှူး

မြောက်ကိုရီးယားနိုင်ငံကနေ IAEA အဖွဲ့ကြီးကိုဖိတ်ကြားတဲ့စာကို မတ်လ ၁၆ရက်နေ့က ရရှိခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ ဒါပေမယ့် အသေးစိပ်အချက်အလက်တွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ သူကဆိုပါတယ်။ အမေရိကန်တို့နဲ့ သဘောတူညီမှုတွေ ပြိုကွဲသွား တဲ့အခါ IAEAအဖွဲ့မှ စစ်ဆေးရေးမှူးတွေကို မြောက်ကိုရီးယားက လွန်ခဲ့တဲ့၁၀နှစ်က နှင်ထုတ်ခဲ့ပါတယ်။

ပြီးတော့ ၂၀၀၃ ခုနှစ်ရောက်တဲ့အခါ မြောက်ကိုရီးယားက နျူကလီးယား မပြန့်ပွားရေးစာချုပ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။နှစ်အတန်ကြာတော့ စစ်ဆေးရေးမှူးတွေ ပြန်ဝင်ခွင့်ပြုခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နှင်ထုတ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီတခေါက် IAEAကိုဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ပြုမယ်ဆိုတာ မရှင်းလင်းသေးသလို အရင်အခေါက်တွေကလည်း အရေးကြီးတဲ့နေရာတွေဝင်ဖို့ ကန့်သတ်ခံရတယ်လို့ ဗီယင်နာမြို့ကနေ ဘီဘီစီသတင်းထောက် Bethany Bellကသတင်းပေးပို့ပါတယ်။