အမေရိကန် စစ်သားကို လူသတ်မှုတွေနဲ့ စွဲမယ်

  • 23 မတ် 2012
afghan killing ဓာတ်ပုံ မူပိုင်
Image caption အာဖဂန် အရပ်သား ၁၇ ယောက် သေဆုံး

ဒီလ အစောပိုင်းက အာဖဂန် အရပ်သား တွေကို သတ်ဖြတ် ခဲ့တယ်လို့ စွပ်စွဲ ခံရတဲ့ အမေရိကန် စစ်သားကို လူသတ်မှုနဲ့ စွဲဆိုတော့မယ်လို့ အမေရိကန် အာဏာပိုင်တွေက ဆိုပါတယ်။

တပ်ကြပ်ကြီး ရောဘတ် ဘေးလ်စ်ကို လူသတ်မှု ၁၇ မှု၊ ပစ်ခတ်မှု လူသတ်ရန် ကြံစည်မှု ၆ ခုနဲ့ တရားစွဲမယ်လို့ သိရပါတယ်။

ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ အရေအတွက်ကိုလည်း ၁၆ ယောက် ကနေ ၁၇ ယောက် ထိ ကာကွယ်ရေး ဌာနက တိုးမြှင့် လိုက်ပါတယ်။

ကလေး ၉ ယောက် နဲ့ လူကြီး ၈ ယောက် ကို အာဖဂန် တောင်ပိုင်း ကျေးရွာ ၂ ရွာက နေအိမ်တွေမှာ သတ်ဖြတ်မှုနဲ့ တပ်ကြပ်ကြီး ဘေးလ်စ် ကို စွပ်စွဲ ထားပါတယ်။