ပြင်သစ်က သေနတ်သမား စီးနင်းစဉ်သေဆုံး

  • 22 မတ် 2012
Image caption ပြင်သစ်က သေနတ်သမားတိုက်ခန်းကို စီးနင်းစဉ်

ပြင်သစ် နိုင်ငံ တောင်ပိုင်းမှာ လူ ၇ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှု ကျူးလွန်သူလို့ ယူဆခံရတဲ့ သေနတ်သမား သေဆုံး သွားခဲ့ ပြီဖြစ်ပါတယ်။

တိုလုစ် Toulouse မြို့က သေနတ်သမား မိုဟာမက် မစ်ရားရဲ့ တိုက်ခန်းကို အသေခံ တပ်သားတွေ ကဝင်ရောက် စီးနင်းစဉ်မှာ သူ သေဆုံး သွားခဲ့တာပါ။

အပြန်အလှန် ပစ်ခတ်မှုတွေ မအကြီးအကျယ် ဖြစ်ခဲ့စဉ်အတွင်း ရဲ သုံးယောက် ဒဏ်ရာ ရခဲ့ပါတယ်။

နောက်တော့ မစ္စတာ မစ်ရားက သူ့လက်ထဲက သေနတ်ကို ပစ်ခတ်ရင်း ပြူတင်းပေါက် ကနေ ခုန်ချ ခဲ့ပါတယ်။

ဒီနောက် သူ့ကို အပြင်မှာ သေဆုံး နေတာ တွေ့ခဲ့ရပါတယ်။

လူသတ် သမားကို တရားဥပဒေ ရှေ့မှောက် အရောက်ပို့နိုင်အောင် အရှင် ဖမ်းနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပါတယ်၊ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး၊ သူနဲ့ အတူ တခြား ကြံရာပါတွေ ရှိနိုင် သေးလား ဆိုတာ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ပြင်သစ်သမ္မတ ဆာကိုဇီက ပြောခဲ့ပါတယ်။

အစောပိုင်းကတော့ ဒီတိုက်ခိုက်မှုဟာ လင်္ကျာစွန်းဝါဒီ သေနတ်သမားတဦးရဲ့ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှု တခုအဖြစ် ပြင်သစ်နိုင်ငံထုတ် သတင်းစာအများစုမှာ ထင်ကြေးပေး ဖေါ်ပြနေခဲ့တာတွေ ရှိခဲ့ပေမယ့် အခု သေနတ်သမား မိုဟားမက် မာရားဟာ မြောက် အာဖရိကန် လူမျိုးနွယ် ပြင်သစ် နိုင်ငံသား တဦး ဖြစ်နေပြီး အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်မှု ရှိနေတယ် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေဆီ သွားခဲ့တယ်ဆိုတဲ့ နောက်ကြောင်းနဲ့ အကြောင်းရင်းခံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

တူးလူးစ်မြို့မှာ ဖြစ်ခဲ့တဲ့ ဒီဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တွေကြောင့့် လာမယ့် ဧပြီလ၂၂ရက်နေ့မှာ ပထမ အကျော့ကျင်းပမယ့် ပြင်သစ် သမ္မတ ရွေးကောက်ပွဲအပေါ်အကြီးအကျယ် ရိုက်ခတ် ပြောင်းလဲမယ့်ပုံမျိုး မတွေ့ရပါဘူးလို့ ဘီဘီစီ ဥရောပရေးရာ အယ်ဒီတာ ဂယ်ဗင် ဟီးဝစ်ကက သုံးသပ်ပါတယ်။