ခြိုးခြံ ရေး အစီအစဉ် ပေါ်တူဂီမှာ သပိတ်မှောက်

  • 22 မတ် 2012
Portuguese Flag ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရရဲ့ အသုံး စရိတ် ဖြတ်တောက်မှုက လူနေမှု အဆင့် နိမ့်ကျနိုင် တယ်လို့ သမဂ္ဂ ပြော

ပေါ်တူဂီ နိုင်ငံမှာ အသုံး စရိတ် လျှော့ချရေး နဲ့အလုပ်သမား အရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အစိုးရရဲ့ အစီအစဉ်တွေကို ကန့်ကွက်တဲ့ သပိတ်မှောက်မှုကြောင့် နိုင်ငံရဲ့ လုပ်ငန်းတွေ ထိခိုက် သွားခဲ့ရ ပါတယ်။

ဆိပ်ကမ်း တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေ မှာ အဓိက ထိခိုက်ခဲ့ပါတယ်။

နိုင်ငံရဲ့ ကြွေးမြီ ပြဿနာ နဲ့ စီးပွားရေး ထိုင်းမှိုင်းမှု တို့ကို ပေါ်တူဂီ အစိုးရရဲ့ တုံ့ပြန် ပုံဟာ အလုပ်အကိုင်တွေ လျော့ပါးသွားစေပြီး လူနေမှု အဆင့် အတန်းနဲ့ အလုပ်သမား အခွင့် အရေးတွေကို ကျဆင်း သွားစေတယ်လို့ ပြောဆိုပြီး နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂ ဖက်ဒရေးရှင်းက သပိတ်မှောက်ဖို့ ဆော်သြ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျန်တဲ့ သမဂ္ဂ တွေကတော့ အလုပ်သမား ဥပဒေသစ်ကို လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။