ပင်လယ်ဓါးပြတွေကိုကမ်းထိ တက်တိုက်ခွင့်ရ

  • 24 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုမာလီ ပင်လယ်ဓါးပြတွေကို အီးယူ ကမ်းတက် နှိမ်နင်း တော့မယ်

အာဖရိက ဉီးချို ဒေသ က ပင်လယ်ပြင်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပင်လယ် ဓားပြ ရန်ကနေ ကာကွယ် ပေးနေတဲ့ အီးယူ ရေတပ်က သင်္ဘောတွေ အနေနဲ့ ဆိုမာလီ ပင်လယ် ဓါးပြတွေကို ပင်လယ်ပြင်မှတင်မက ကုန်းပေါ်ထိ တက်ရောက် နှိမ်နင်းခွင့် ရသွားပါပြီ။

ပင်လယ်ဓါးပြ လှေတွေနဲ့ ဆိုမာလီ ကမ်းခြေတွေမှာ လောင်စာဆီ သိုလှောင်ထားမှုတွေကို ကမ်းအထိ တက်ရောက် တိုက်ခိုက်နှိမ်နင်းဖို့ ဥရောပ သမဂ္ဂက သူ့ရဲ့ စစ်သင်္ဘောတွေကို ခွင့်ပြု သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဓါးပြတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ အကုန်လုံးကို ဖြိုခွင်း နှိမ်နင်း ပစ်ချင်တယ်လို့ ဥရောပ သမဂ္ဂ ဆိုင်ရာ ရေတပ် အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။

ဒီ ဥရောပ သမဂ္ဂရဲ့ ပင်လယ်ဓါးပြ နှိမ်နင်းရေး တပ်ဖွဲ့သက်တမ်းကိုလည်း နောက်ထပ် နှစ်နှစ် တိုးမြှင့် ခဲ့ပါတယ်။